ဇော်ဂျီဖောင့် 


ကျွန်တော့ ဘလော့ ထဲမှာတင်ထားသမျှ လင့် ခ်တွေ အဆင်ပြေအောင် ကြော်ငြာခံထားခြင်း မရှိတော့ ပါ...
Showing posts with label Firmware တင်နည်း. Show all posts
Showing posts with label Firmware တင်နည်း. Show all posts

Thursday, 26 December 2013

SD Card Slot ပျက်နေတဲ့ Huawei Phone တွေ Firmware ပြန်တင်နည်း

အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ဒီတစ်ခါကတော့  ခေါင်းစဉ်မှာတွေ့ ရတဲ့ အတိုင်းပါပဲဗျာ.။ဒီနည်းကတော့ သိတဲ့ 
လူတွေကလည်း ရှိပြီးသားဆိုတာကျွန်တော် သိပါတယ်..။အဲကြားထဲ မှာ ကျွန်တော် အပါအ၀င်မသိသေးတဲ့ သူတွေရှိနေသေးဆယ်ဆိုတော့  ဒီလိုပြန်လည်တင်ပြခြင်းဖြစ်ပါတယ်...။ခုတင်ပြတဲ့ နည်းကတော့ Huaiwei
ဖုန်းတွေမှာ SD card slot ပျက်လို့ ပဲ ဖြစ်ဖြစ်၊ကွန်ပျူတာပေါ်ကနော အခြား Tool နဲ့ firmware တင်ချင်လို့ ပဲ ဖြစ်ဖြစ်....အဆင်ပြေအောင် လုပ်လို့ ရမှာ ဖြစ်ပါတယ်..။လိုအပ်တဲ့  Tool ကိုအောက်မှာ ယူပါ။ 
ဒေါင်းလို့ ရလာတဲ့ ဖိုင်ကို zip ဖြည်ပြီးတော့  ဖိုင်ထဲမှာ ပါလာတဲ့  NewmultiDownload ဆိုတာလေးကို run ပေးလိုက်ပါ။ပြီးသွားရင် ပါတ်စ်ဝှက် တောင်းလာပါလိမ့် မယ်..Huawei လို့ ထဲ့ ပေးလိုက်ပါနော်..။
အပေါ်က allow update ဆိုတာက ဘာမှ မလုပ်ပါနဲ့ ။လုပ်ရမှာက please select file ဆိုတာကို
နှိပ်ရမှာ ဖြစ်ပြီး၊Firmware ဆိုတဲ့ နေရာမှာ  ကိုယ်တင်ချင်တဲ့  update.app ထည့် ပေးပြီး၊  အောက်တစ်
ကြောင်းမှာ ဒေါင်းလုတ် ဆွဲတုန်းကပါလာတဲ့ စာကြောင်းသုံးကြောင်းထဲက  WH62406270ML01Ver1003(SmartPhone) ဆိုတဲ့ စာကိုရွေးပေးလိုက်ပါ။ပြီးသွားရင် next ကို ထပ်ရွေးပေးရပါ့ မယ်...။ပြီးသွားလို့ ရှိရင် vol up နဲ့  vol down ကို power ကီးနဲ့  တွဲဖိထားပြီး Download mode ထဲကို ၀င်ပါ။ဖုန်းကိုကွန်ပျူတာနဲ့ ချိတ်လိုက်ပါ။ကွန်ပျူတာက ဖုန်းကိုသိပြီဆိုရင် Scan and Download ကိုနှိပ်ပေးလိုက်ပါ။အားလုံးပြီးသွားလို့ ရှိရင် ဖုန်းမှာ ok လို့ ပြပါလိမ့် မယ်..အဲတာဆိုရင် ဖုန်းကို ဘက္ထရီ ကို ဖြုတ်ပြီးပြန်တပ်လိုက်ရင် အားလုံးကောင်းသွားပါပြီ။ကဲ...ဒီလောက်ပဲနော်.....အားလုံးပဲ အဆင်ပြေကြပါစေ....
Credit to www.myanmarmobilesoftwaredeveloper.com