Run ဆိုတဲ့ အဓါပ္ပယ်နဲ့ အညီသူက ပြေးတာပါ.ဆိုလိုတဲ့သဘောကတော့ ရန်ကုန်ကနေ ချင်းပြည်နယ်သွားမယ်ဆိုပါစို့  ဒီအတိုင်းသွားမယ်ဆိုလျှင် ကား၊ရထားတဆင့်ပြီးတဆင့်ပေါ့ ဒါပေမဲ့ Run မှာဆိုရင်တော့ တခါတည်းနဲ့ မပန်းပမ်းဘဲရောက်မယ်လေဆိုတော့ Run ကအသုံးဝင်တာပေါ့ဒီမျိုးဘဲ ကွန်ပျုတာမှာဆို Microsoft word ကိုဖွင့်မယ်ဆိုပါစို့  Start-programs-Microsoft Office-Win word ပေါ့ဒီလိုဆိုအဆင့်ကလဲများတာပေါ့ဒါပေမဲ့ Run မှာကျတော့ logo+R ကိုနှိပ်ပြီး Win word ကိုဖွင့်မယ် ဆိုရင် ဒီမှာ winword ဆိုပြီးရိုက်ပြီးတော့ Enter ကိုနှိပ်လိုက်နဲ့ တခါတည်းပွင့်လာမှာပါ..ဆိုတောပ အချိန်ကုန်သက်သာတာတဲ့အပြင် typing လဲအကျင့်ဖြစ်တာပေါ့ ပြီးတော့အထူးသဖြင့် နေရာအတိအကျမသိတဲ့ဟာမျိုး Registry လိုမျိုးဆိုရင်လည်း Run မှာ regedit လိုရိုက်ပြီး enter ခေါက်ပေါ့ ဆိုတော့ Run ကအများကြီးအကျိုးပြုပါတယ်.ဒီအပြင် Website ကိုလဲ Run မှာ လိပ်စာ ဥပမာ www.sbsangpi.blogspot.com ဆိုပြီးရိုက်ထည့်ရင်လဲဖွင့်လာမှာဖြစ်ပါတယ်.ပြီးတော့ Folder တွေကိုလဲ သူရဲ့နေရာအတိအကျသိရင်သွားလို့ ရပါတယ်. ဥပမာ c:/windows ဆိုပြီးဖွင့်လို့ ရပါတယ်. ဆိုတော့ကျွန်တော်က ဒီအကြောင်းလေးနဲ့ အသုံးဝင်ပုံလေးကို ပြောပြတာဘဲဖြစ်ပါတယ်.ဘာဖြစ်လို့လဲဆိုတော့ တော်တော်များများက Run မှာသုံးလို့ ရသော commands များဆိုပြီး တင်ပေမဲ့ အသုံးမပြုဘူးတဲ့ သူများအတွက်အထူးအဆန်းဖြစ်မှာ စိုးလို့  အကျိုးရှိပုံလေးကို ဖော်ပြပေးလိုပါတယ်. အောက်မှာ အသုံးပြုလို့ ရသော commands လေးတွေကိုဖော်ပြပေးလိုက်ပါတယ်....commands ကများလွန်းလို့ ကျွန်တော် notepad နဲ့ ရေးပြီး တင်ပေးထားပါတယ်....လိုချင်ရင်အောက်မှာ ဒေါင်းသွားလိုက်ပါ။
Download!
Credit to kowin
