အားလုံးပဲ မင်္ဂလာပါ။ဒီတစ်ခါ တော်တော်လေးကို အသုံးဝင်နည်းလမ်းကို တင်ပြပေးသွားမှာ ဖြစ်ပါတယ်...။ဒီနည်းလမ်းကို ကျွန်တော် ကိုဝင်းဆီမှာ တွေ့ တာတော်တော် လေးကိုကြာပါပြီ..။ကျွန်တော် သိမ်းထားပါသေးတယ်...ဒါပေမဲ့  ပြီးခဲ့ တဲ့ လ က ကျွန်တော့် ကွန်ပျူတာကို အကြောင်းမျိုးမျိုးကြောင်ဝင်ဒိုး
ပြန်တင်လိုက်ရခြင်းကြောင့်  ဖိုင်တွေ အကုန်လုံးကုန်သွားမို့ လို့  ခု ကိုဝင်းဆီကို ပြန်မွေရင်းနဲ့  တွေ့ လာလို့ ပြန်ရှဲ လာခဲ့ တာပါခင်ဗျာ...။သူ့ ကိုလည်း credit ပေးပါတယ်...။credit ပေးထိုက်သူအားလုံး credit ပေးပါတယ်....။ကဲ.....အောက်မှာ ကြည့် ပြီးလုပ်ကြည့် လိုက်ပါနော်...ကျွန်တော် လုပ်
တာ အိုကေပါတယ်........
portable software တစ်ခုဖြစ်လာဖို့အတွက်
(၁) win rar
(၂) universal Extractor နှစ်မျိုးရှိရပါမယ် . winrar ကတော့ လူတိုင်းနီးနီးမှာ ရှိကြမှာပါ . ဒါ့ကြောင့် မတင်ပေး တော့ပါဘူး . universal extractor ကိုတော့ တင်ပေးလိုက်တယ် . အောက်မှာ Download လုပ်လိုက်ကြပါ .
firefox 3.5.5 ကို portable လုပ်ပြလိုက်ပါ့မယ် .
လုပ်နည်း
(၁) ပေးထားတဲ့ win rar နှင့် universal Extractor နှစ်မျိုးလုံးကို install လုပ်ပါ
(၂) ကိုလုပ်ချင်တဲ့ program ကို right click ထောက်ပြီး အောက်မှာပြထားတဲ့ ပုံထဲအတိုင်း UniExtract to Subdir. ကိုရွေးလိုက်ပါ .
(၃) ပုံ-၂ ထဲကလို ဖိုင်တွေ ကျလာပါလိမ့်မယ် . အားလုံးကို select all ပေးလိုက်ပြီး Add to archive ကို နှိပ်လိုက်ပါ .
(၄) General >> compression methut မှာ Normal ထားပြီး Create SFX Archive မှာ အမှန်ခြစ်ပေးထားလိုက်ပါ .
(၅) Advanced >> SFX options ကို နှိပ်လိုက်ပါ .
(၆) Modes ကို နှိပ် >> unpack to temporary folder မှာ အမှန်ခြစ်ပေး ပြီး Hide all ကို ရွေးထားလိုက်ပြီး ok ပေးလိုက်ပါ .
(၆) ပြီးရင် General >> setup program ရဲ့အောက်က Run after extraction အောက်မှာyour program name .exe ပေးလိုက်ပါ . မိမိပြုလုပ်မယ့် program ရဲ့ နာမည်ကိုရေးပေးပြီး သူ့နောက်က .exe နဲ့ ဖိုင်နာမည်ကို ဆုံးပေးထား လိုက်ပါမယ် . အားလုံးပြီးသွားရင် ok ကို နှိပ်လိုက်ပါမယ် . နောက်ဆုံးပုံထဲကလို protable ကျလာပါလိမ့်မယ် . တစ်ဆင့်ချင်း လုပ်လိုက်ပါ . လွယ်ပါတယ်
ကိုညီနေမင်းဆိုက်မှကူးယူဖော်ပြပါတယ်ခင်ဗျာ...
No comments:
Post a Comment
အဆင်မပြေတာလေးတွေ ရှိရင် အောက်မှာ ရေးချသွားပါဗျာ.......